Ouvrax တွင် ငွေပေးချေလျှင် မည်သည့်နည်းလမ်းဖြင့် ပေးချေပါသနည်း?

Ouvrax တွင် ငွေပေးချေနိုင်သည့် နည်းလမ်းများစွာ ရှိသည့် အနက်မှ မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသည့် Mobile Banking, I-banking, Mobile Wallets စသည့် နည်းလမ်းများဖြင့် ပေးချေလျက်ရှိပါသည်။

  • (က) KBZ mobile banking (Account transfer)
  • (ခ) KBZ pay
  • (ဂ) AYA I-banking
  • (ဃ) AYA pay

အသုံးအများဆုံး ငွေပေးချေမှုမှာ K-Pay ဖြစ်ပါသည်။

အလုပ်လုပ်ခြင်းအပေါ် ငွေပေးချေမှုပုံစံ Ouvrax နှင့် အလုပ်တစ်ခုလုပ်ကိုင်ရန် သဘောတူညီမှု ရရှိပြီးနောက် အလုပ်အမျိုးအစား၊ အလုပ်သဘောတရားတို့ အပေါ် မူတည်၍ သာမန်အားဖြင့် အောက်ပါအတိုင်း ငွေပေးချေလေ့ရှိပါသည်-

  • First Payment – 10 %
  • Second Payment – 70 %
  • Final Payment – 20%

First Payment (10% of the whole quote) 

၎င်းငွေပေးချေမှု သည် Freelancer နှင့် Ouvrax တို့အကြား ယုံကြည်မှုတည်ဆောက်ရန်အတွက် Freelancer က သဘောတူညီထားသည့် အလုပ်အား အလုပ်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြသရသည့် အဆင့်အတွက် ပေးချေမှုဖြစ်သည်။ ဥပမာ- Ouvrax Client တစ်ယောက်၏ လိုအပ်ချက်အရ ဘာသာပြန်အလုပ် အတွက် Freelancer နှင့် သဘောတူညီထားသည့် ငွေ ပမာဏ သည် ၁၀၀,၀၀၀ ကျပ် ဆိုပါစို့။

၁။ Freelancer သည် ၎င်းအနေဖြင့် ဘာသာပြန်အလုပ်စတင်နေပြီဖြစ်ကြောင်း ဘာသာပြန်ရန် ပေးပို့ထားသည့် စာသားများအထဲမှ စာကြောင်း (၂) ကြောင်းဖြစ်စေ (၃) ကြောင်းဖြစ်စေ ဘာသာပြန်ပြရသည်။

၂။ ထို့နောက် အလုပ်စတင်နေပြီဖြစ်ကြောင်း ထိုဘာသာပြန်ထားမှုအား ဖုန်းဖြင့် ပုံရိုက်၍သော်လည်းကောင်း၊ Screen shot ရိုက်ယူ၍သော်လည်းကောင်း Jpg ဖြင့် ဖြစ်စေ၊ ဘာသာပြန်လက်စ File ဖြင့် ဖြစ်စေ Ouvrax ထံ ပေးပို့ရသည်။

၃။ Ouvrax မှ အတည်ပြုပြီးသည့် နောက်တွင် Freelancer ထံသို့ သဘောတူညီထားသည့် ဘာသာပြန်ဝန်ဆောင်ခ၏ 10% ဖြစ်သော ၁၀,၀၀၀ ကျပ်အား ပေးချေသည်။ First Payment အတွက်ငွေပေးချေပြီးစီးပြီဖြစ်ကြောင်း Freelancer ထံအကြောင်းကြားသည်။


Second Payment – 70 % 

ဤငွေပေးချေမှုသည် သဘောတူညီထားသည့် အလုပ်တစ်ခုလုံး ပြီးမြောက်ပြီးနောက် Freelancer မှ Ouvrax ထံ ပေးပို့ပြီးသည့် အဆင့်အတွက် ပေးချေမှု ဖြစ်သည်။ အထက်ပါဥပမာအရ

၁။ Freelancer သည် ၎င်းအနေဖြင့် ဘာသာပြန်မှု ပြီးစီးပြီဖြစ်ကြောင်း လိုအပ်သည့် File အားလုံးမှန်သမျှကို Ouvrax ထံ ပေးပို့ရသည်။

၂။ သဘောတူညီထားသည့် ဘာသာပြန်ဝန်ဆောင်ခ ၁၀၀,၀၀_ ကျပ်၏ 70% ဖြစ်သည့် ၇၀,၀၀၀ ကျပ်အား Freelancer အား ပေးချေသည်။ Second Payment အတွက်ငွေပေးချေပြီးစီးပြီဖြစ်ကြောင်း Freelancer ထံအကြောင်းကြားသည်။

၃။ ပေးပို့လာသည့် File မှန်သမျှအား Ouvrax ၏ Client ထံပေးပို့၍ Client ၏နောက်ဆုံးအဆင့် သဘောတူညီချက်ကို စောင့်ဆိုင်းသည်။ ၎င်းစောင့်ဆိုင်းနေသည့် ကာလအတွင်း Client ထံမှ ဘာသာပြန်ဆိုမှုနှင့် ပတ်သက်၍ လိုအပ်ချက်ရှိလာ၍ (ဥပမာ စာသားမှားခြင်း၊ ထပ်မံ ပြန်ဆိုပေးရန်ပြောခြင်း၊ ပြင်ဆင်ရန် ပြောခြင်း စသည်) တောင်းဆိုလာသမျှ Freelancer မှ အစအဆုံးဆောင်ရွက်ပေးရမည်။


Final Payment – 20% 

ဤ ငွေပေးချေမှုသည် သဘောတူညီထားသည့် အလုပ်တစ်ခု အောင်မြင်စွာ ပြီးမြောက်ပြီးသည့် နောက်ဆုံးတွင် ပေးချေမှုဖြစ်သည်။ အထက်ပါ ဥပမာ အရ –

၁။ Ouvrax ထံမှ ဘာသာပြန်မှုသည် အဆင်ပြေကြောင်း သို့မဟုတ် အောင်မြင်စွာ ပြီးမြောက်ကြောင်း အကြောင်းကြားပြောဆိုလာမည်။

၂။ ၎င်းအကြောင်းကြားစာရောက်ရှိသည်နှင့် တစ်ပြိုင်နက် သဘောတူညီထားသည့် ဘာသာပြန်ဝန်ဆောင်ခ ၏ 20% ဖြစ်သော ၂၀,၀၀၀ ကျပ်အား Freelancer ထံပေးချေသည်။

၃။ အောင်မြင်စွာ ပြီးမြောက်ပြီဖြစ်ကြောင်းနှင့် Final Payment အတွက်ငွေပေးချေပြီးစီးပြီဖြစ်ကြောင်း Freelancer ထံအကြောင်းကြားသည်။

အထက်ပါအဆင့် (၃) ဆင့် (Payment 3 ခု) သည် Ouvrax ၏ ငွေပေးချေမှု အဆင့်ဆင့်ပင်ဖြစ်ပါသည်။ တစ်ချို့အလုပ်များတွင် ငွေပမာဏ များပါက Payment ၄ ခု သို့မဟုတ် ၅ ခုထိ ခွဲ၍ ပေးရသည်မျိုးရှိတတ်ပါသည်။ Ouvrax နှင့် အလုပ်တွဲလုပ်၍ အလုပ်တစ်ခုအောင်မြင်စွာ ပြီးမြောက်ပြီးနောက် ထပ်မံ သဘောတူ လုပ်ဆောင်မှုများအတွက်ကိုမူ ယုံကြည်မှုရှိသွားကြပြီဖြစ်၍ သင့်တော်သော နည်းဖြင့် Freelancer ၏ သဘောအတိုင်း ငွေပေးချေမှုပြုလုပ်၍ ပေးချေသည်။ သို့သော် ယေဘုယျအားဖြင့် ၎င်းအဆင့် (၃) ဆင့်ဖြင့် ပေးချေပါသည်။

Leave a Reply

Discover more from Sein Wai Hlyan (Mr. Sein)

Subscribe now to keep reading and get access to the full archive.

Continue reading